Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Apr 2023

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဧပြီလ(၃) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဆိုင်သို့ သွားရောက်၍ သုံးစွဲသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် Parbisure (အကြောအားဆေး)အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

07 Apr 2023

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃၀-၃-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၁၅) နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၂)ဈေး၌ စားသုံးသူကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောကျင်းပခဲ့ပါသည်။

07 Apr 2023

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၉-၃-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃ဝ) နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ဒေါပုံဈေး၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင်ပါရှိသည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲ တက်ရောက်သူ (၁၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

07 Apr 2023

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈-၃-၂၀၂၃ ရက်နေ့၊ နံနက်(၁ဝ:၃၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေး၌ ဈေးသူ/ဈေးသားများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

07 Apr 2023

        ၂၀၂၃ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်အား စက်သုံးဆီ အခြင်အတွယ် ပြည့်ဝမှု ရှိ/မရှိ၊ သက်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages

a