Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Dec 2020

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိစိစစ်ခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက်လျက်ရှိကြပါသည်။

28 Dec 2020

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ရှိ နမ်းခမ်းဈေးတွင် သုံးစွဲရန်မသင့်သော ကုန်စည်များ ရောင်းချခြင်း မရှိစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဌာနများဖြင့် ဈေးအတွင်းရှိ ဆိုင်များအား ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

28 Dec 2020

    ၂၀၂၀-ပြည့်နှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကသာခရိုင်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းမှ သက်တမ်းလွန် အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်များ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၂၇၃,၂၂၇/- ကျပ် အား သိမ်းဆည်းရရှိခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော ကုန်စည်များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ

28 Dec 2020

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ကန့်ဘလူခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့နှင့်ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်Virtual meeting စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

28 Dec 2020

      ၁၄.၁၂.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းမ၌ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၂၂)ဦးအား စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Covid-19 ဆိုင်ရာ ကျန်းမာရေးသုံး ကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင

Pages