သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃.၁.၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်ရပ်ကွက်ပေါ်ရှိ ဆေးဆိုင် (၁၅) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၁၃.၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြသီတာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၃.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အထက(၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် ဇန်နဝါရီ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖျာပုံမြို့ ထွန်းတောက် ဖယောင်းတိုင်လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်မှုနှင့်ဈေးကွက်ဖြန့်ဖြူးမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများစနစ်တကျ ထုပ်ပိုးမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ (၁၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ၎င်းဆွေးနွေးပွဲသို့ တပ်တောင်မြို့ အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် MSME လုပ်ငန်းရှင် ( ၁၀ ) ဦး တက်ရောက်ခဲ့ပါသည်။