Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Dec 2022

               ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စိုက်ပျိုးရေးဆေး ဆိုင်များနှင့် ဓါတ်မြေဩဇာအရောင်းဆိုင်များအား (၁၀.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါ သည်။

20 Dec 2022

        ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နိုင်ငံစီးပွားရေးမြှင့်တင်မှု စီမံကိန်းရန်ပုံငွေမှ သွင်းအားစုချေးငွေ အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ဒီဇင်ဘာ(၃)ရက်နေ့ နေ့လည်(၁၁:၀၀) နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခန်းမ၌ ဆောင်းသီးနှံသွင်းအားစုချေးငွေ ထုတ်ချေးနိုင်ရေး လုပ်ငန်းညှိအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

20 Dec 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၄.12.2022ရက်နေ့ နံနက် 11:00နာရီအချိန်တွင် ဗန်းမော်မြို့ရှိ ဂျယ်လီမုန့်ထုတ်လုပ်ဖြန့် ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 Dec 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်   (၁၁.၁၂.၂၀၂၂၀) ရက်နေ့ နံနက် (၁၃:၀၀) နာရီ အချိန်တွင် မအူပင်မြို့ သုံကြိုင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သရက်ပြင် လုပ်ငန်းရှင်(၂၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

20 Dec 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၂) ရက်နေ့နံနက်(၁၁:၃၀)နာရီတွင် လပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်မျိုးစုံများသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages