သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူလို့ဆိုလိုက်တာနဲ့ အားလုံးသောလူတိုင်းဟာ စားသုံးသူတွေဖြစ်တဲ့အတွက် စားသုံးသူအခွင့်အရေး(၈)ချက်ကို ရရှိကြပါတယ်။ ရရှိမယ့် အခွင့်အရေး(၈)ချက် ကိုမှတ်မိ လွယ်အောင် အခြေခံ၊ ဘေး၊ သတင်း၊ ရွေးချယ်၊ တိုင်ကြား၊ ကုစား၊ သိရှိ၊ ကောင်းမွန် ဆိုတဲ့ အတိုကောက် ကလေးနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။ ဒီအခွင့်အရေး(၈)ချက်ထဲမှာ တိုင်ကြားခွင့်နဲ့ ကုစားခွင့် ဆိုပြီး ပါဝင်တဲ့အတွက် ကျွန်မတို့ ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော CICC ရုံးခန်းများသို့ လာရောက်တိုင်ကြားပြီး ကုစားမှုရ
နိုင်ငံအတော်များများနှင့် အာဆီယံနိုင်ငံများတွင် စားသုံးသူရေးရာကိစ္စများ(Consumer Affairs) ကိုဆောင်ရွက်ရန်အတွက် ကုန်သွယ်ရေးဝန်ကြီး၏ လက်အောက်တွင်ထားရှိ ဆောင်ရွက် လေ့ ရှိကြပါသည်။ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး စသည့်ကိစ္စတွေ့နှင့် နှီးနွယ်နေသော အကြောင်းရင်းများကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် စားသုံးသူရေးရာဦးစီးဌာန အဖြစ်ဖွဲ့စည်းကာ စားသုံးသူ ကာကွယ်ရေး ဥပဒေအား အကောင်အထည် ဖော်ဆောင်ရွက်ရန် တာဝန်ပေးမှုကို စားသု
ပဲခူးတိုင်းဒေသကြီးသည် ကားလမ်း ၊ ရထားလမ်းဆုံရာ မြန်မာနိုင်ငံ၏ အချက်အချာကျသော နေရာဒေသတွင် တည်ရှိပြီး အရှေ့ ၊ အနောက် မဲခေါင်ဒေသအတွင်း စင်္ကြန် မဟာဗျူဟာလမ်းတွင် တည်ရှိခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး အရသော်လည်းကောင်း ၊ ပင်လယ်ရေကြောင်းအရသော် လည်းကောင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ထွက်ပေါက်အနေဖြင့် အသုံးပြု နိုင်ပါသည်။ စစ်တောင်းမြစ်ဝှမ်းနှင့် နီးကပ်စွာ တည်ရှိခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကောင်းမွန်သော နေရာဒေသတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် ဈေးတာဝန်ခံနှင့်အတူ အောက်တိုဘာ (၂၀) ရက်နေ့ ၊ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့မ စည်ပင်သာယာဈေး အပြင်တန်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာခဲ ၊ ဆပ်ပြာမှုန့် ၊ ဆပ်ပြာရည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာ (၂၀) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထုတ်လုပ်နေသော အသေးစား ၊ အလတ်စားလုပ်ငန်းများဖြစ်သော ကျောင်းစုရပ်ကွက်ရှိ ငါးဖယ်ချဉ်လုပ်ငန်းနှင့် သံတံတားရပ်ကွက်ရှိ ငါးရံ့ခြောက်လုပ်ငန်းများ လုပ်ကိုင်နေမှုအား ကွင်းဆင်းလေ့လာခဲ့ပါသည်။