Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Oct 2022

            အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ်ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး (၅) တို့ကို အဓိကထားပျိုးကြပါသည်။

26 Oct 2022

    စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်မှ ဝန်ထမ်းများသည် အောက်တိုဘာလ ( ၂၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဆရာ/ဆရာမ ( ၅ ) ဦး၊ ကျောင်းသား/ ကျောင်းသူ ( ၇၀ ) ဦး၊ စုစုပေါင်း(၇၅ )ဦးကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

26 Oct 2022

       မုံရွာမြို့ အနောက်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်းသိရသည်။ အဆိုပါ ကျေးရွာများလည်းမြေနူကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်ကမြေပဲ သီးနှံကို အဓိကစိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက် ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

26 Oct 2022

      စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၀ ) ရက်နေ့တွင် နယ်မြေအတွင်းရှိ ကလေးမြို့နှင့် ကလေးဝမြို့ စည်ပင်သာယာဈေးတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာ ဈေးနှင့် ရပ်ကွက်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရ ပ

26 Oct 2022

    ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။

Pages