သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးသို့ မိတ္ထီလာမြို့နယ်အတွင်းမှ “ပိုင်”အကြော်စုံလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို (၁၇-၁၀-၂၀၂၂) ရက်နေ့ (၁၃၀၀) နာရီချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၁၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၁၉ရက် မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၉.၁၀.၂၀၂၂) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက် ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉.၁၀.၂၀၂၂) နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ ကြပါ သည်။