Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Dec 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်တာဝန်ခံရုံး၌ ပက်ပ်စီ ကုမ္ပဏီမှ ရောင်းချဖြန့်ဖြူးရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

19 Dec 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးကော်မတီတို့နှင့် ပူးပေါင်း၍ အထက (၂) ကျိုက်ထို ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

19 Dec 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထို မြို့နယ်တာဝန်ခံတို့သည် ၁၃.၁၂.၂၀၂၂ ရက်နေ့တွင်    မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အထက (၂) ကျိုက်ထိုကျောင်း၊ စိန်ရတုခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

19 Dec 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားဝယ်ယူပြီး လက်လီလက်ကားပြန်လည်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

19 Dec 2022

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၄ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည

Pages