သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရန်အတွက် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ သမဝါယမဦးစီးဌာနမှ ပြန်လည်အပ်နှံထားသည့် တာပသွန်ကျေးရွာရှိ မြေနေရာတွင် Export အဆင့်မီ တန် (၆၀)ကျ ဆန်စက်တည်ဆောက်ရေးမြေနေရာရွေးချယ်စိစစ်ရေး ကော်မတီနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် (၁၀:၀၀) ချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဇင်းကျိုက်မြို့၊ ဗိုလ်ချုပ်ဈေး၌ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် အထက (ဇင်းကျိုက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ၂၀.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ K-Market၊ Ocean Super Center ၊ ဝံဈေးတို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အင်ဒိုနီးရှားနိုင်ငံထုတ် ခေါက်ဆွဲခြောက် Sedaap အမှတ်တံဆိပ် Expire Date (27/March/2
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သမဝါယမသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။