သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကိုသိရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ သိန်းဇော် ကိတ်မုန
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်း၌ ၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ကန့်ဘလူ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်တောင်ချောင်းဘက်ရှိ ကျေးရွာများဖြစ်သော လိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံ များအနက် ဆောင်းသီးနှံပဲတီစိမ်းများ ပေါ်ထွက်လျက်ရှိပါသည်။ ပဲတီစိမ်း(၃၀)ပိဿာဝင် တစ်အိတ် လျှင် ဒီဇင်ဘာလ (ပထမ)ပတ်တွင် ကျပ်(၆၉၀၀၀)ဖြစ်ပြီး၊ ယခု ဒီဇင်ဘာလ(ဒုတိယ)ပတ်တွင် ကျပ်(၆၇၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ တစ်ပတ်လျှင် အိတ်(၇၀ မှ ၈၀)ခန့်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် အောက်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့တွင် နံနက်(၉:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတွင်(၃)နှစ်မှ (၅)နှစ်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေ