Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Oct 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်နှင့် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

21 Oct 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်နှင့် ကုန်မျိုးစုံဆိုင်များအား (၁၇.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

21 Oct 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၇.၁၀.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် သုံးပင်ကွင်းရပ်ကွက်၊ ဓမ္မာရုံ၌  စားသုံးသူ ပြည်သူ (၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

21 Oct 2022

      ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ခြံဝင်းအတွင်း၌ (၁၉-၁၀-၂၀၂၂) ရက်နေ့ နံနက်(၀၈:၀၀)နာရီမှ (၀၉:၃၀) နာရီထိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဦးဆောင် ၍ အခြေခံစားကုန် (ကြက်၊ ဝက်၊ ဘဲ၊ ကြက်ဥ၊ စည်သွပ်ငါး/ငါးပိ၊ ကော်ဖီထုပ်မျိုးစုံ၊ အသင့်စား ခေါက်ဆွဲထုပ်၊ ကြာဆံထုပ်နှင့် အခြားစားသုံးကုန်များ) နှင့်  ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချပေးမှုတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ ရခိုင်ပြည်နယ

21 Oct 2022

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးတို့ပါဝင်သော  ပူးပေါင်းအဖွဲ့ဖြင့် (၁၇-၁၀-၂၀၂၂)ရက်နေ့တွင် တောင်ကုတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း  (အမှတ် ၁-၂-၃-၄)များ၏ ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကျောင်းသား/သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages