သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများအကျိုးကို မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်လျှက်ရှိရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် သာပေါင်းမြို့နယ်အတွင်းရှိ နေယုဆန်စက်သို့သွားရောက်၍ ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၁၂)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာမှုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ ရောင်းချနေသော စားသုံးဆီများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အောက်တိုဘာလ(၁၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်။