သတင်းနှင့် လှုပ်ရှားမှုများ
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တော်အဝေးပြေးစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် (၁၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့(၁၃.၁၀.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ နုန်းယော့အသေးစားချေးငွေလုပ်ငန်းရုံးတွင် လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့(၁၃.၁၀.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ချယ်ရီအလယ်လမ်း၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ (၁၂.၁၀.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ရှားတောအုပ်စုရှိ အ-မ-က သဲဖြူကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
(၁၄-၁၀-၂၀၂၂)နေ့ နံနက် (၁၁:၃၀)နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ စစ်တွေမြို့နယ်ရှိ ဒေသတွင်း စားသုံးဆီထုတ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။