Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Oct 2022

       မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ သထုံ၊ ပေါင်၊ ဘီးလင်းမြို့နယ်(၆)မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ ဟောပြောပွဲများကို ကျင်းပရာတွင် အရာရှိဝန်ထမ်း၊ အမှုထမ်းများက အခြေခံပညာစာသင်ကျောင်း(၉)ကျောင်း၊ Talk Show (၁)ကြိမ် စုစုပေါင်း (၁၀)ကြိမ်၊ လူဦးရေ (၁၆၅၃)ဦး တို့ကို ဟောပြောခဲ့ပါကြောင်း သိရပါသည်။ ဟောပြောပွဲတွင် တက်ရောက်သူများ နားလည်လွယ်သော ပုံစံများနှင့

18 Oct 2022

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၄.၁၀.၂၀၂၂ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ၊ ခကွမ်ရပ်ကွက်ရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

18 Oct 2022

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၁၃.၁၀.၂၀၂၂ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင် ၊စတိုးဆိုင်များအား ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

18 Oct 2022

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၂.၁၀.၂၀၂၂ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊အောင်မြေ(၁)ကျေးရွာရှိ လက်လီ/ လက်ကားရောင်းချနေသောကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

18 Oct 2022

        ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ဝန်ထမ်းစုစုပေါင်း(၃၀)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

Pages