Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Oct 2022

       ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊  တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာ ကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်သီးစား စိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ၊ တောင်ငူ မြို့နယ်၏ မိုးစပါးစိုက်ပျိုးမှုဧကမှာ ၅၈၀၃၄ ဖြစ်ပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂၄၅၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်ကောင်းစပါးမျိုးများဖြစ်သော ဆင်းသုခ ၅၄၄၆ ဧက၊ ရက် ၉၀ ၆၈ ဧက၊ နှံကောက် ၁၅၅၃၆ ဧက၊ ဗျော့ထွန်း ၃၃၅၅၅ ဧက၊ နယူးဧရာ-၁၂ ၁၀၀ ဧက၊ GW-11 ၃ ဧက၊ အဆင့်မြင့်စပါးမျိုး ၈၃၁ ဧက၊ ဧရာမင်း ၃၃ ဧက၊

13 Oct 2022

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် တောင်ငူခရိုင်အတွင်းမှ ဆီကုန်သည်များနှင့်ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇွန်လမှ စက်တင်ဘာလအထိ စားသုံးဆီပိဿာ ၄၄၉၅၅၀ ပိဿာ ရောင်းချနိုင်ခဲ့ပါသည်။

13 Oct 2022

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည်  (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။

13 Oct 2022

       စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ ၊နေ့လည် (၁၃း၀၀) အချိန်တွင်သာစည်မြို့၊ အ.ထ.ကကြာဘက်ကုန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages