Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Oct 2022

     ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့်  ဝန်ထမ်းများသည် (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဂွမြို့ကင်းရုံ(၂) အခြေခံ ပညာမူလတန်းကျောင်းသို့ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အများပြည်သူ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။

12 Oct 2022

          ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၆.၁၀.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့

12 Oct 2022

     မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၃.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အအေးခန်းစက်ရုံလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုထုတ်လုပ်ငန်းများ ထိရောက်အောင်မြ

12 Oct 2022

      မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတာဝန်ခံသည် ၅.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံး၌ “အပူးလေး” အထက်တန်းဟင်းမွှေး မဆလာ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

12 Oct 2022

      မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီခွဲဝေမှုအရ သတ္တမအကြိမ် ခွဲတမ်းရရှိသော စားအုန်းဆီပိဿာချိန် စုစုပေါင်း (၁၁၈၈၀) အား မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုထံသို့ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရသည်။

Pages