Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Oct 2022

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၄.၁၀.၂၀၂၂ ရက်နေ့တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်း(၂) နှစ်နှင့် အောက်သက်တမ်းရှိသော မြန်မာကုမ္ပဏီများနှင့် လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

12 Oct 2022

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ရခိုင်ပြည်နယ် သံတွဲခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ  ဦးဆောင်ကာ သံတွဲမြို့၊ နန်းချောင်းကျေးရွာ၊ မူလမင်းကွန်းဘုန်တော်ကြီး ကျောင်းတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၂)အား (၃-၁၀-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

12 Oct 2022

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၄.၁၀.၂၀၂၂ ရက်နေ့တွင် မိုညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

12 Oct 2022

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း၍ (၄.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ Star Mart စတိုးဆိုင်သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

12 Oct 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ(၂)၌ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကော်မတီဝင်(၉)ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Pages