သတင်းနှင့် လှုပ်ရှားမှုများ
ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသော ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရှည်လျားသည့် မြေနုလွင်ပြင်များရှိသော ဒေသဖြစ်သည်။ အဆိုပါမြေနုလွင်ပြင်များတွင် တောင်သူများသည် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ကြံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ကလေးခရိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၂-ခုနှစ် အောက် တိုဘာလ(၄)ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ ကသာမြို့မှ ဆီလုပ်ငန်းရှင် ဒေါ်ခင်မျိုးသက်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည်များအား ဆွေးနွေးခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိ ခရိုင်/မြို့နယ်မှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လားရှိုးခရိုင်မှ မြို့မဈေးကြီးနှင့် ဘူတာဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ကျောင်းမုန့်ဆိုင်နှင့် ရပ်ကွက်တွင်းရှိ လက်လီဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စည်ပင်သာယာရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ နယ်မြေ အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစာပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစားများအနက် အသင့်စားခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ အချိုရည်များနှင့် ဟင်းခတ် မှုန့်၊ အချဉ်ပေါင်းထုပ်များတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်