Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Sep 2022

          ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ၁၉-၉-၂၀၂၂ရက်နေ့ နေ့လည်(၁:၃၀)နာရီတွင် စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၊ အ.ထ.က(၃)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

28 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံများစိုက်ပျိုးထားရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ပြည်မြို့နယ်တွင် (၇၀၄၇)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၄၉၅)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၄၀)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၂၅၆)ဧက၊ စုစုပေါင်း (၂၇၈၃၈)ဧက စိုက်ပျိုးထားပြီးဖြစ် ပါသည်။ မကြာမီအချိန်တွင် ကြံများထွက်ပေါ်လာမည်ဖြစ်သဖြင့် ကြံစိုက်တောင်သူများ အနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်နေချိန်ဖြစ်ပါသည်။ ယခင်နှစ်တွင် ကြံစိုက်ဧက (၃၂၀၉၄)ဧကရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကြံတန်ချိန် (၂၂

28 Sep 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၅)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

28 Sep 2022

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် သီတင်းကျွတ်အကြို ရောင်စုံမီးပုံးများ၊ မီးအိမ်များ၊ ဆီမီးခွက်များစတင်ရောင်းချလျှက်ရှိပါသည်။ တစ်နှစ်မှတစ်ခါသာ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါရောက်တိုင်း အိမ်တိုင်းအိမ်တိုင်းတွင်  ဆီမီးများထွန်း၍ ပူဇော်ကြသလို ရောင်စုံ အလှမီးပုံးများကို အိမ်များတွင် ချိတ်ဆွဲ၍ အလှဆင်ကြပါသည်။ ပြည်မြို့တွင် ရောင်းချ နေသောမီးပုံးဈေးနှုန်းများမှာ တရုတ်ရောင်စုံမီးပုံး အသေး၊ အကြီး၊ ဒီဇိုင်းအလှ အဆန်း ပေါ်မူတည် ၍ တစ်ပုံးလျှင် (၃၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ

28 Sep 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၈)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါသည်။

Pages