သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် (၁၄.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၃၀)နာရီအချိန်ထိ မကွေးမြို့၊ ကန်သာစျေး၌ အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စျေးကွက်အတွင်း နမူနာကောက်ယူ၍ ဓါတ်ခွဲစမ်းသပ်ပြီး Sodium Cyclamate ၊ Benzoic Acid သတ်မှတ် ပမာဏထက်ကျော်လွန်နေသော ခွင့်မပြုဆိုးဆေး ပါဝင်နေသော စားသော
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ( ၁၉ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အခြေခံပညာမူလတန်းကျောင်း အမှတ် (၅) ဇီဝကာရာမ (၁၁) ရပ်ကွက်၌ ဆရာ/ဆရာမ (၆) ဦး ကျောင်းသား / ကျောင်းသူ (၁၀၁)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်စစ်ဆေးပြီးသော လုပ်ငန်း(၃၂)ခုအား ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ခွင့်ပြုရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင် သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆.၉.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြု လုပ် ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၏ထွက်ကုန်များတွင် ပြည်ပဈေးကွက်ဝင် ငါးရှဉ့်များကို နှစ်ပတ်လည် တင်ပို့ရောင်းချလျက်ရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလိုမိုးတွင်းတွင် ငါးရှဉ့်များ ပိုမိုဝင် ရောက်လျှက်ရှိပြီး ဇွန်လမှနိုဝင်ဘာလအထိ ဈေးကွက်မှာတင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်း ငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်ဈေးကွက်မှတင်ပို့သော ငါးရှဉ့်များမှာ ပါးနီပါးမွဲ (၂)မျိုးသာ Export ဈေးကွက်တင်ပို့လျက် ကျန်းမာရေးအတွက် သွေးအားကောင်းပြီး ဆေးဖက်ဝင်အစားအစာ အဖြစ်ပြည်ပနိုင်ငံများတွင် လူကြိုက်များမှုရှိကြော
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား FDA၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။