Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Oct 2022

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အာဆီယံစားသုံးသူကာကွယ်ရေးသိကောင်းစရာခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၀) ဦးတက်ရောက်ခဲ့ပါသည်။

03 Oct 2022

           ၂၇.၉.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ တောင်ဝိုင်းဓမ္မာရုံ၌ ပြည်သူများသို့ စားသောက်ကုန် များလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

03 Oct 2022

           မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ (၁၁:၀၀)ချိန်တွင် ချောင်းဆုံမြို့နယ် အထက(မုဒွန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

03 Oct 2022

         မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ (၀၉:၃၀)ချိန်တွင် ချောင်းဆုံမြို့နယ် အမက(ကညှော်) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

03 Oct 2022

          စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ (ကိုယ်စား)သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

Pages