Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Oct 2022

     လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရေ

05 Oct 2022

       ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီ၊လက် ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူလတ်နှင့်အဖွဲ့သည် ၂၆.၉.၂၀၂၂ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ပုသိမ်လေတပ်စခန်းဌာနချုပ် ဟောပြောပွဲခန်းမသို့ သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေး  အသိပညာပေးဟောပြောခဲ့ပါသည်။

05 Oct 2022

     ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူလတ်နှင့်ဝန်ထမ်းများသည် ၂၃.၉.၂၀၂၂နံနက် ၀၉:၀၀နာရီ ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ဘုရင့်နောင်ခန်းမသို့ သွားရောက်၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

05 Oct 2022

    ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) ကို ၂၇-၉-၂၀၂၂ ရက် (အင်္ဂါနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ ဦးစောခင်မောင်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

05 Oct 2022

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

Pages