သတင်းနှင့် လှုပ်ရှားမှုများ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်စောမာလာနွယ်နှင့် ဝန်ထမ်းများသည် နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဈေးကားများဖြင့် နေပြည်တော်အတွင်းရှိမြို့နယ်များသို့ လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၂-၉-၂၀၂၂ ရက်နေ့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းမှ ပျဥ်းမနားမြို့နယ်ရှိ ဇီးရိုင်းကျေးရွာ၊ အင်းသာကျေးရွာနှင့် ကြို့တန်းကျေးရွာတို့တွင် ဆီပိဿာချိန်(၆၆၀)ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ် အေးမှ ပျ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၂-၉-၂၀၂၂)ရက် နေ့လည်(၂:၀၀)နာရီအချိန်တွင် တောင်ကုတ်မြို့ ဂူတာရပ်ကွက်ရှိ မူလတန်းတွဲဖက် အ.ထ.က(၄)စာသင်ကျောင်း၌ ကျောင်းသား/သူများအား ကျန်မာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု ဖြင့် (၂၀.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ သို့ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီ များ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲ နိုင်ရေးတို့ အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက် လျက်ရှိရာ (၂၀-၉-၂၀၂၂)ရက်နေ့မှစ၍ နေ့စဉ် (
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/မည်းသင်း)ခရိုင်၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၂၂ရက်နေ့ (၁၀း၀၀)အချိန်တွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၅) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။