Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Dec 2021

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် ကြံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ ခရိုင်အတွင်း ကြံစိုက်ဧက (၁၂၀၀၀၀)ဧကခန့် ရှိကြောင်း သိရှိရသည်။

23 Dec 2021

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ “အိအိချွန်” ပဲချောင်း မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

23 Dec 2021

       ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လျှပ်စစ်ပစ္စည်းဝယ်ယူ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြိတ်မြို့ပေါ်ရှိ‌ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးနှင့် ယုံကြည် စိတ်ချရသောကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများ ပိုမိုသုံးစွဲစေရေး စျေးကွက် စေ

22 Dec 2021

ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking OIl)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

22 Dec 2021

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပခုက္ကူခရိုင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့နယ် ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှရွာ ရွာသစ်ရှိ တောင်သူဦးဝင်းဆန်းနှင့် ဦးဝင်းဗိုလ် တို့၏ အာလူးစိုက်ခင်းများသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ရာ ရွာသစ်ကျေးရွာရှိ အာလူးစိုက် တောင်သူများသည် ဒေသမျိုးနှင့် တရုတ်ဖြူမျိုးများကို ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း၊  မျိုး တန်ဖိုး မှာ တစ်ပိဿာ (၂၀၅၀)

Pages