သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၆.၁၀.၂၀၂၂) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ဗိုလ်အောင်ကျော်လမ်း၊ မြို့နယ်သမဦးစီးမှူးရုံး၌ လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင် (၇) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၇.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတောကြီးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မိုးစပါး စိုက်ပျိုးခြင်းကို ဟင်္သာတမြို့နယ်တွင် ၁၂၈၆၆၇ ဧက၊ ဇလွန်မြို့နယ်တွင် ၇၂၃၇၂ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၁၀၆၈ ဧက စိုက်ပျိုးပြီး၊ စုစုပေါင်း မိုးစပါးစိုက်ဧက ၂၅၂၁၀၇ တွင် မနောသုခ၊ ရွှေဝါထွန်း၊ မှော်ဘီ၂၊ ဧရာမင်း၊ ဆင်းသုခ၊ ထိုင်း ရက် ၉၀၊ စဝနာ၊ GW-11၊ ပခန်းရွှေဝါ၊ ငစိန် စပါးမျိုးများကို စိုက်ပျိုးကြကာ၊ ဆင်းသုခစပါးစိုက်ဧကမှာ ၁၆၀၆၃၈ဧက စိုက်ပျိုးပြီး၊ တခရိုင်လုံးစိုက်ဧက၏ ၆၃ရာနှုန်းကျော် စိုက်ပျိုးသော စပါးမျိုးလည်း ဖြစ်ပါသည်။ ၂၀၂၂ ခ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂.၁၀.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓမ္ဘီကျေးရွာအုပ်စု၊ ဘုရားလေးဆူဓမ္မာရုံ၌ စားသုံးသူပြည်သူ (၂၀၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ်ဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။