သတင်းနှင့် လှုပ်ရှားမှုများ
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အစိုးရဝန်ထမ်းများ၊ စားသုံးသူကာကွယ်ရေးအသင်း အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေရှည်တည်တံ့သည့်စားသုံးသူမှုဆိုင်ရာ သဘောတရား နှင့် မူဝါဒအကြံပြုချက်များကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ASEAN Toolkit on Sustainable Consumption အား ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်မှု၊ Japan-ASEAN Integration Fund (JAIF) ၏ ထောက်ပံ့မှုဖြင့် ရေးဆွဲခဲ့ပါသည်။ အဆိုပါ Toolkit တွင် module (၄)ခုအား အောက်ပါခေါင်းစဉ်များဖြင့် ထည့်သွင်းပြုစုထားပါသည်-
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စားသုံးသူများအနေဖြင့် စားသုံးသူအသိပညာနှင့်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ The ASEAN Consumer Online Distance Learning Tools (E-learning modules) ကို မိတ်ဖက်အဖွဲ့အစည်းဖြစ် သည့် GIZ ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး တတိယအကြိမ် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ E-learning modules တွင် အောက်ဖော်ပြပါ ခေါင်းစဉ်များ ပါဝင်ပါသည်-
မြန်မာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ကျယ်ဝန်းပြီး သစ်တောမြေဖုံးလွမ်း ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၁၄၉၇၈ရှိကာ မြန်မာ့သစ်တောတွင် အပင်ကြီး၊ အပင်ငယ် မျိုးပေါင်း ၅၂၀၄မျိုး၊ ဝါး ၈၆မျိုး၊ ကြိမ် ၃၄မျိုး၊ မြက် ၃၈၆မျိုး၊ ငှက်၁၂၄၀မျိုး ရှိကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ ဖယောင်းတိုင်လုပ်ငန်းရှင် ဦးပေါက်စနှင့် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်သည် ( ၂၃.၈.၂၀၂၂ ) ရက်နေ့တွင် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၁)ဦးတို့သည် (၂၄.၈.၂၀၂၂)ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင်မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်၊ စာကလေး ခွေကြော်ရောင်းချသည့်လုပ်ငန်းသို့ သွားရောက်၍ ဆီသုံးစွဲမှုပမာဏနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေတို့ကို သိရှိနိုင်ရန် သွားရောက်တွေ့ဆုံခဲ့ပါသည်။