သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများသတ်မှတ် အရည် အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
သထုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၄.၈.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်အား Online မှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး မှ Talk Show ပြုလု
တောင်တန်းများ၊ ကမ်းရိုးတန်းလွင်ပြင်များကို ပိုင်ဆိုင်ထားပြီးမိုးရေလက်မ လုံလောက်စွာ ရရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများသည် ရော်ဘာစိုက်ပျိုးရန် သင့်လျှော်သည့် မြေခံ၊ရေခံနှင့် ရာသီဥတုကောင်းအားပိုင်ဆိုင်ထားပါသည်။မွန်ပြည်နယ်သည် မြန်မာနိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးနှင့် ထုတ်လုပ်မှုပမာဏအများဆုံး ထွက်ရှိသောပြည်နယ် တစ်ခုဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ ရော်ဘာထုတ်လုပ်မှုပမာဏ အများဆုံးအားပိုင်ဆိုင် ထားသည့်အလျှောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မ
ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးခြင်း”ကို ၂၅.၈.၂၀၂၂ ရက်နေ့က မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်မှ ဝန်ထမ်းများ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) အနေဖြင့် စားသုံးသူများအနေဖြင့် E-commerce Platform များကို ယုံကြည်မှုရှိစွာဖြင့် အသုံးပြုနိုင်စေရန်နှင့် ဒေသတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများကို လွယ်ကူ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်အတွက် ASEAN Online Consumer Complaints Function အား ACCP ၏ Website တွင်လွှင့်တင်ထားရှိပြီး၊ တတိယအကြိမ် အာဆီယံစားသုံးသူ ကာကွယ်ရေး ညီလာခံတွင် တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါသည်။