သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်း ရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတသော လုပ်ငန်းစဉ်ကိုဆိုသည်ဟု စားသုံးသူကာကွယ်ရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အများ နားလည်လွယ်မည့် အရပ်စကားဖြင့် တင်ပြရလျှင် ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးရရှိစေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရန်ဆောင်ရွက်ပေးခြင်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် (၁၉.၈.၂၀၂၂) ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ညောင်လေးပင်မြို့ရှိ A.B.M အမက မူလွန် ကျောင်းသို့ သွားရောက်၍ ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ အသင်း (အရှေ့) နှင့် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန် (၁)ပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် ၂၂.၈.၂၀၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် (၆) မင်းတဲရပ်ကွက်နှင့် အမှတ် (၅) သံတံတားရပ်ကွက် အတွင်း၌ ရောင်းချပေးလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မဟာဝိဇိတာရာမ အလံပြ ဘုန်းတော်ကြီးကျောင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သြဂုတ်လ ၂၃ ရက် မွန်းလွှဲ (၁) နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဆန်တပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။