Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Oct 2022

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ရခိုင်ပြည်နယ် သံတွဲခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ  ဦးဆောင်ကာ သံတွဲမြို့၊ နန်းချောင်းကျေးရွာ၊ မူလမင်းကွန်းဘုန်တော်ကြီး ကျောင်းတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၂)အား (၃-၁၀-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

12 Oct 2022

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၄.၁၀.၂၀၂၂ ရက်နေ့တွင် မိုညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

12 Oct 2022

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း၍ (၄.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ Star Mart စတိုးဆိုင်သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

12 Oct 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ(၂)၌ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကော်မတီဝင်(၉)ဦးဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

12 Oct 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့် အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာ ဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေး ခြင်း၊ စီးပွားရေးလုပ်ငန်

Pages