Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Aug 2022

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၂၄.၈.၂၀၂၂) နေ့ လယ် (၁၃:၀၀) အချိန်တွင် ဓနုဖြူမြို့  အမှတ်-၂ အ.ထ.က ရွှေကူကျောင်းအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ကြပါသည်။

29 Aug 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၂၄.၈.၂၀၂၂) နေ့လယ် (၁၂:၀၀) အချိန်တွင် ဓနုဖြူမြို့  အမှတ်-၂ အ.ထ.က ရွှေကူကျောင်းအထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင် (၆)ဆိုင်ရှိ မုန့်များအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

29 Aug 2022

      တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် (၂၃.၈.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်၊ အမှတ်(၆)၊ အခြေခံပညာ အထက်တန်းကျောင်း(အုန်းတော) သို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

29 Aug 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်(၇)ဦးနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။

29 Aug 2022

     ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ထွန်းမြ(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂၅-၈-၂၀၂၂)ရက် နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကညင်တန်းရပ်ကွက်  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

Pages