သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေ
ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဂွမြို့နယ်မှ ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲသို့ တက်ရောက် ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒုဦးစီးမှူး)သည် ၂၃.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ကုန်မျိုးစုံ ရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာခန်းမ၌ (၂၁.၈.၂၀၂၂) ရက်နေ့ နံနက်(၁၃:၂၀) နာရီအချိန်တွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ကိုဆောင်ရွက်ခဲ့ သည်။