သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေးဒရဲမြို့နယ်တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် သြဂုတ်လ(၂၀)ရက်နေ့ တွင် ဒေးဒရဲမြို့နယ်အမှတ်(၂)ရက်ကွက် အိုဘိုအခြေခံမူလတန်းကျောင်း၌ဆရာ၊ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ အစား အသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူ စားသောက်တတ်စေရေးဟောပြောခဲ့ပါသည်။
ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်ရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅) ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဖျာပုံမြို့နယ်အသင်းခွဲရုံးတို့၏ အစီအစဉ်ဖြင့် ဒေသအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အခြေခံပြည်သူများ သက်သာချောင်ချီ ရေးအတွက် အဓိက စားသုံးသော ဧည့်မထ အချွန်ဆန်များအား တစ်ပြည်လျှင်( ၁၅၀၀ )ကျပ်ဖြင့် လူတစ်ဦးလျှင်(၃)ပြည်နှုန်းရောင်းချပေးနေကြောင်း သိရသည်။
ဖျာပုံမြို့နယ် စက်သုံးဆီပန့်အရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍(၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီမှ နေ့လယ်(၁၆:၀၀)နာရီထိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်တာဝန်ခံသည် (၂၂.၈.၂၀၂၂)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း ၍(၂၀.၈.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။