Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Aug 2022

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်  ဝန်ထမ်းများအဖွဲ့သည် စားအုန်းဆီများ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေးအတွက် ရည်ရွယ်၍ ပခုက္ကူမြို့ပေါ်၌ စားသုံးသူပြည်သူများအား  နေ့စဉ် ဈေးကား(၅)စီးဖြင့်  လိုက်လံရောင်းချ ပေးနေမှ

26 Aug 2022

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ (၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အထက (၄) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ သူ (၆၅) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

26 Aug 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၁၉.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ အ.မ.က(ရေလယ်ကျွန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/မ(၇)ဦး၊ ကျောင်းသား/သူ (၈၂)ဦးတက်ရာက်ခဲ့ကြောင်းသိရပါသည်

26 Aug 2022

          မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် အား ကစားနှင့် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၈.၂၀၂၂)ရက်နေ့ နေ့လည် ၁၃:၄၅ နာရီအချိန် တွင် ညောင်ဦးမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

25 Aug 2022

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃.၈.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင် (၉) ဆိုင်၊ စတိုးဆိုင် (၂)ဆိုင်၊ စုစုပေါင်း ဈေးဆိုင် (၉) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages