စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၂၄.၈.၂၀၂၂) နေ့လယ် (၁၂:၀၀) အချိန်တွင် ဓနုဖြူမြို့ အမှတ်-၂ အ.ထ.က ရွှေကူကျောင်းအထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင် (၆)ဆိုင်ရှိ မုန့်များအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင် (၆)ဆိုင်မှ ရောင်းချနေသောမုန့်များအား စစ်ဆေးခဲ့ပြီး မုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များသည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော မုန့်များကိုသာ ဦးစားပေးရောင်းချရန်နှင့် စားသုံးရန်မသင့်သော မုန့်များကို မရောင်း ချရန်နှင့် မသန့်ရှင်းသောမုန့်များ ဝမ်းပျက်ဝမ်းလျော့စေမည့်မုန့်များ ခြင်၊ ယင်မနားအောင် သန့်ရှင်းသပ်ရပ်စွာရောင်းချရန် အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)