
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး က စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့် အစားအသောက်များ ဝယ်ယူရာတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့ အသိပညာ ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူတွေအနေနဲ့ အစားအစာ အပြင် သုံးစွဲမှုပိုင်ကိုလည်း ဂရုစိုက်ရန်လိုအပ်ကြောင်း၊ ယနေ့အချိန်အခါသည် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ စားသုံးသူများကို အကျိုးပြုနေသော်လည်း တဖက်တွင်လည်း နစ်နာဆုံး ရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ လူတစ်ဦးတစ်နှစ်လျှင် ဆီ (၅ ပိဿာမှ ၆ ပိဿာထိ)သာ စားသုံးသင့်ကြောင်း၊ ပိုမိုစားသုံးနေပါက ဆီစားသုံးမှု လျော့ချသင့်ကြောင်း၊ ဆီအလွန်အကျွံစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးရောဂါနှင့် ဆီချိုရောဂါ စသည့် ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
