သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်နှင့်ညောင်ဦးမြို့ နယ်များအတွင်းရှိ ဖွင့်လှစ်ရောင်းချလျှက်ရှိသော လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား သက်ဆိုင်ရာမြို့နယ်များရှိ ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၇.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက် အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများ၊ (၁၇.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် လပွတ္တာမြို့ အမှတ်(၂) ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးအေးဝင်း၏ မိသားစုကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်အရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် အသေးစားအလတ်စား စက်မှုလက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၇.၈.၂၀၂၂) ရက်နေ့ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့် မြို့မပေါ်ရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၈.၂၀၂၂) ရက်နေ့ ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီ အပါအဝင် စားသုံးဆီများတရားမဝင် ဝင်ရောက်မှု အခြေအနေနှင့် တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။