သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ (အ.ထ.က-၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။
ဘေးခန်းလေအိတ်များ ပြန်လည်အစားထိုးပြင်ဆင်ရန်အတွက် Ford ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်ထုတ် Maverick Pickup Truck မော်တော်ယာဥ်အစီးရေ ခြောက်သောင်းခွဲနီးပါးကို ဈေးကွက်မှ ပြန်လည်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်များရှိ ဘေးလေအိတ်များသည် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက စီးနင်းသူများကို ကာကွယ်နိုင်ရန် အမေရိကန်ပြည်ထောင်စု ယာဉ်အန္တရာယ်ကင်းရှင်း ဆိုင်ရာအေဂျင်စီ(National Highway Traffic Safety Administration- NHTSA)၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကို စမ်းသပ်တွေ့ရှိရကြောင်း
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာသန်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့က ရေတာရှည် ဒေသရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း ၍ (၁၆.၈.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက် အထက (ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၆.၈.၂၀၂၂ နေ့(၁၀:၀၀)မှ (၁၂:၀၀) ချိန်အထိ မအူပင်မြို့ အ.ထ.က-၃မှ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။