Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Aug 2022

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဦးအောင်ချစ် စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

12 Aug 2022

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံချက်၏ ရည်ရွယ်ချက်များဖြစ်သော တရားမဝင်ကုန်သွယ်စီးဆင်းမှုများ လျော့နည်းပပျောက်ရန်၊ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများရရှိရန် ရည်ရွယ်၍ တမူးမြို့ရှိ(၄)မိုင် စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းမြို့ရတနာပုံစစ်ဆေးရေးဂိတ်၊ မုံရွာမြို့ရှိ ကျွဲရဲစစ်ဆေးရေးဂိတ်၊ ရွှေဘိုမြို့ရှိ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်ထိပ်ဂိတ်နှင့် မုံရွာမြို့အထွက်ရှိ မအူကျေးရွာတွင် မအူပူးပေါင်း စစ်ဆေးရေးဂိတ်အ

12 Aug 2022

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင် အိအိခိုင်ဆီဆိုင်သို့ ( ၉.၈.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၃၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၃ ) ဦး သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

12 Aug 2022

      ကယားပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် လ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးဖြန့်ဖြူးရောင်းချနေသော ဆေးဝါးအရောင်းဆိုင်များ၌ Covid-19 ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့်လူသုံးများသော ဆေးဝါးများ ဈေးကွက်အတွင်း ဆေးပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

11 Aug 2022

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်မာမာနှင့်အတူ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် သစ်တောကျေးရွာ အခြေခံပညာမူလ တန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ကျင်းပပြုလုပ်သည့်ဟောပြောပွဲသို့ တက်ရောက်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

Pages