သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ၄.၈.၂၀၂၂ ရက်နေ့ (၁၃:၀၀) နာရီတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ နှင့် NEI မှ ဝန်ထမ်းများ၊ ကွမ်းသီးလုပ်ငန်းရှင်များ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့သည်။
၁.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃-၂၀၂၅ ကာလအတွက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ MONCCI အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ညီနောင်အသင်းမှအသင်းဝင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း(၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် သြဂုတ်လ ( ၁ )ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချ လျှက်ရှိသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် (၃၁.၇.၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စု လျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂ ရက်နေ့မှ ၃-၈-၂၀၂၂) ရက်နေ့ထိ၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။