သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိ ကို မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင် (၇) ဆိုင်အား ၂၀၂၂ ခုနှစ
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီချိန်တွင်တရားဝင်ဖြန့်ဖြူးရောင်းချခွင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှား တုပပြုလုပ်၍ တရားမဝင်ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ (၁၀း၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း မိုးစပါးအား ဧက ၅၉၆ ဧက စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရပါသည်။ ပျိုးထောင်စိုက်ပျိုးချိန် မရသော တောင်သူများမှာ အစေ့ တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးကြပြီး အများအားဖြင့် ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက် စနစ်ဖြင့် စိုက်ပျိုးကြသည်။ တောင်သူများမှာ ဓါတ်မြေသြဇာ စျေးမြင့်တက်နေသော်လည်း သဘာဝ မြေသြဇာ၊ နွားချေး၊ ကြက်ချေး၊ EM ဗိုလ်ကာချီး အစရှိသော သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြသည်။ စိုက်ပျိုး ပြီ
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် အမှတ်(၅/၇၁)၊ ကျီတော်ကုန်းလမ်း၊ ဆုတောင်းပြည့်ဘုရားအနီး ၊ ကျီတော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့၌ “လာဘ်မင်း”အမှတ်တံဆိပ် ဆပ်ပြာထုတ်လုပ်ရောင်း ချနေသော လုပ်ငန်းရှင်မှ ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက