သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၀.၇.၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ မိုးညှင်းမြို့၊စည်ပင်သာယာဈေး(၁)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်(၈)ဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးမျိုးလွင်နှင့် ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းတို့မှ (၁၈.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီက ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန။ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဇေယျတု သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးသည် လွိုင်ကော် မြို့နယ်၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၅၄)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၇.၂၀၂၂)နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီ အစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။