Main menu

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ဆောင်ရွက်ခြင်း

Powered by Drupal

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးမျိုးလွင်နှင့် ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းတို့မှ (၁၈.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီက ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

            အဆိုပါ Talk Showတွင် ဘီးလင်းမြို့နယ် တာဝန်ခံဦးမျိုးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏ အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းနှင့် တိုင်ကြားနိုင်သည့်နေရာများ call Center ဖြင့် တိုင်ကြားမှုတို့ ရှင်းလင်းဆွေးနွေးပါသည်။ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုလို စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ Online ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ (Talk Show) ဆွေးနွေးပွဲသည် စားသုံးသူများအတွက် စားသုံးသူအသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)