Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Jun 2022

         ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်၍ (၂၉-၆-၂၀၂၂) ရက်နေ့တွင် ပျဉ်းမနားမြို့ရှိ အာဟာရသုခဈေးသို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးသည့် စားသုံးဆီများအား နေပြည်တော်ရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

30 Jun 2022

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍   ဇွန်လ(၂၁)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီတွင်    အမှတ်(၁၉)ရပ်ကွက်  အ-လ-က(၂)ကျောင်းရှိ ဆရာ/ဆရာမများနှင့်၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

30 Jun 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍   ဇွန်လ(၂၂)ရက်နေ့၊   နံနက်(၁၁:၀၀)နာရီတွင်   ဖျာပုံမြို့အောက်ကွင်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း အမှတ်(၁၀၁) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာ အသိညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခဲ့ကြောင်း သိရသည်။

30 Jun 2022

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ငါန်းဇွန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေခံပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၂.၆.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages