သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာ ကိစ္စရပ်များအား ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပပြု လုပ်လျှက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဇွန်လ (၂၉)ရက်၌ မှော်ဇာအုပ်စု၊ တောင်လုံးညိုရွာ၊ ရွှေတောင်မြို့နယ်တွင် ဇွန်လ (၃၀)ရက်၌ မင်းကွန်းအ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ ဒေသတွင်းထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ လိုက်နာရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်၌ ရွှေတောင်မြို့၊ ယွန်းတန်း လမ်းရှိ ဦးစန်းမြင့် ပဲခွဲစက်သို့လည်းကောင်း၊ ဇူလိုင်လ (၄)ရက်၌ သဲကုန်းမြို့၊ စားသုံးသူရေးရာဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လည်းကောင်း၊ ပြည်မြို့၊ ရတနာမာန်အောင်လမ်းရှိ ရွှေဝါသင်း ဆုံဆီလုပ်
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ( ၄)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ပြုံးပြုံးရွှင်စက်သုံးဆီ အရောင်းဆိုင်၌ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း(၆) ဦး တက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၅.၇.၂၀၂၂)ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်က အိမ်မဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် (၆.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။