သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်နှင့် စစ်တွေမြို့နယ်မှ ဝန်ထမ်းများသည် Pacific Co.,Ltd မှ ထုတ်လုပ်သည့် PARIS ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုမရှိ၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းပြီး အလေးချိန်ပြည့်မီသော ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို United Pacific Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍ (၂၂-၆-၂၀၂၂) နေ့တွင် မောင်တောမြို့နယ် မြို့မဈေးအတွင်း၌ PARIS ဆပ်ပြာခဲရောင်းချနေသော ဈေးဆ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ပုသိမ်ခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း ရောင်းချလျှက်ရှိသော မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည်(၂၄.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့်နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအားအခြပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူးဦးအောင်ငြိမ်းမှဦးဆောင် ကျင်းပသော အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီများပါဝင်သည့် ဧရာဝ
ဧရာဝတီတိုင်းဒသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၊ ၂၁ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၀:၀၀) နာရီချိန်ထိ အမှတ်(၂)ရပ်ကွက်၊ (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်(၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။