ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်နှင့် စစ်တွေမြို့နယ်မှ ဝန်ထမ်းများသည် Pacific Co.,Ltd မှ ထုတ်လုပ်သည့် PARIS ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုမရှိ၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းပြီး အလေးချိန်ပြည့်မီသော ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို United Pacific Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍ (၂၂-၆-၂၀၂၂) နေ့တွင် မောင်တောမြို့နယ် မြို့မဈေးအတွင်း၌ PARIS ဆပ်ပြာခဲရောင်းချနေသော ဈေးဆိုင် (၁၀)ဆိုင်၌ လည်းကောင်း၊ (၂၄-၆-၂၀၂၂)နေ့တွင် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း PARIS ဆပ်ပြာခဲများရောင်းချနေသော ဈေးဆိုင် (၇)ဆိုင်၌လည်းကောင်း သတ်မှတ်အလေးချိန် မပြည့်မီသော PARIS ဆပ်ပြာခဲများအား ပြန်လည်သိမ်းဆည်းပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်နှင့်ကိုက်ညီသည့် PARIS ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)