သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများကို တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ၂၁.၆.၂၀၂၂ ရက်နေ့များတွင် ဒိုက်ဦး ၊ ညောင်လေးပင် ၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင် လည်းကောင်း ၊ ၂၂.၆.၂၀၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသော ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ် ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု ၊ ရေးလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူ (၂၅)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂၃.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂)ကြိမ်မြောက်ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်ရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ဇွန်လ ၁၈ ရက်နေ့၊ နံနက်( ၁၀) နာရီ အချိန်၌ ဒိုက်ဦးမြို့နယ် ၊ ကတုတ် ဘုရားကြီး ၊ တောင်သူဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။