သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်သာယာရေး အဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးတို့နှင့်အတူ ဖျာပုံမြို့၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး တွင်ဧပြီလ(၃၀)ရက်နေ့၊နေ့လည်(၁၄:၀၀)နာရီတွင် မြို့နယ်စားသုံးဆီကုန်သည်များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်လုပ်ငန်းရှင်(၂၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၄.၅.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃;၀၀) နာရီတွင် မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား လည်းကောင်း၊ (၅.၅.၂၀၂၂)ရက်နေ့ နံနက်(၀၉;၃၀)နာရီတွင် ကွယ်လွယ်ကျေးရွာ မြဟေမာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နံနက်(၁၁;၃၀)နာရီတွင် ကွယ်လွယ်ကျေးရွာ ၊မြစန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား မြန်
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို (၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၀:၁၅) နာရီအချိန်ထိ ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ခွန်အားဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် တာဝန်ခံသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့မဈေးသစ်၊ ဈေးတာဝန်ခံရုံးတွင် (၃.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၄) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၉.၅.၂၀၂၂) ရက်နေ့ တွင် နံနက် (၁၀:၀၀) အချိန်မှ စ၍ မအူပင်မြို့ပေါ်ရှိ ဆီလက်ကားရောင်းချသူများအား ဖိတ်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။