Main menu

ဖျာပုံမြို့ဆီကုန်သည်များနှင့် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်သာယာရေး အဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးတို့နှင့်အတူ ဖျာပုံမြို့၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး တွင်ဧပြီလ(၃၀)ရက်နေ့၊နေ့လည်(၁၄:၀၀)နာရီတွင် မြို့နယ်စားသုံးဆီကုန်သည်များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်လုပ်ငန်းရှင်(၂၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက မြို့နယ်ဆီကုန်သည် လုပ်ငန်းရှင်များအနေဖြင့် စားဆီများဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် စားသုံးသူပြည်သူများ ဘေးဉပဒ်အန္တရာယ်ကင်းရှင်းစေ ရန်အတွက် မေလ(၁)ရက်နေ့မှစတင်ပြီး ဆီကန်မှထုတ်ယူသော စားဆီများအား Food  Grade အဆင့်ရှိ အဝါရောင်ပေပါအသစ်(သို့မဟုတ်)သန့်စင်ပြီး ပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ် ဆောင်သော ဘောက်ဆာယာဉ်များနှင့် သန့်စင်ပြီး Food  Grade  Tank များကိုသာ ဆီဖြည့်သွင်း ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပေပါများ၊  ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများထည့် သွင်းအသုံးပြုထားသည့် ပုံးများ၊ ပေပါများတွင် စားအုန်းဆီများထည့်သွင်းသုံးစွဲခြင်းမပြုဖို့လိုပါ ကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ပြည် သူများကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ဈေး ကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားသုံး ဆီတင် သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ဌာနက ကွင်းဆင်းစစ် ဆေးကြပ်မတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းအသိပေးပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယခရိုင်ဦးစီးမှူးက ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဟောပြောခြင်းဖြင့်လည်းကောင်း၊ မြို့နယ်တာဝန်ခံက ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုနှင့်အရေးယူ ဆောင်ရွက်မှုတို့ကို ရှင်းလင်း ဆွေးနွေးခြင်းဖြင့် လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူရေး ဦးစီးဌာနသည် စည်ပင်သာယာရေးအဖွဲ့နှင့် မိတ်ဖက်ဌာနဖြစ်ပါကြောင်း၊ဈေးသူဈေးသားများအနေဖြင့် ပြဌာန်းထားသော ဥပဒေ၊ ညွှန်ကြားချက်၊ အသိပေးကြေညာချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးပါသည်။

           ထို့နောက် တက်ရောက်လာသူများအား စားအုန်းဆီများဖြန့်ဖြူး၊ သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည်အသိပေးကြေညာချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)