Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 May 2022

         ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဒေါ်ခင်မာကြည်သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအား (၄.၅.၂၀၂၂) ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

10 May 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၄.၅.၂၀၂၂)ရက်နေ့တွင် ငပုတောမြို့နယ်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပ

10 May 2022

             မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ၆.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ပြုလုပ်ခဲ့သည်။

09 May 2022

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးရေးအရာရှိ)နှင့် မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့ အ.ထ.က (၁)လမ်း ကန်သာရပ်ရှိ သာလှ(စတိုး) ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များအား ဌာနမှ သတ်မှတ်ထားသော ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှု ရှိ/မရှိ အသင့်စားမုန့် အမျိုးမျိုး ၊အချိုရည်များ၊ ပေါင်မုန့်၊ကိတ်မုန့်များသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းမှု

09 May 2022

                 ပြည်တွင်းပြောင်းထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပဈေးကွက်တိုင်အောင် ထိုက်ထိုက်တန်တန်အခြေချမိစေရေး၊ ပြည်တွင်းပြည်ပစားသုံးသူများ ယုံကြည်စိတ်ချစွာ ပိုမိုအလေးထား ဝယ်ယူလာစေရေး၊ ပြောင်းစိုက်တောင်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကို အသင်း၏ ဦးဆောင်မှုဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက်၉:၀၀နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ တရုတ်ယူနန်ဘုံကျောင်းကြီး၌ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းအခမ်းအန

Pages